အမွိုက္ဋီကာ

က်ေနာှတို့ ပတ်ဝန်းကျင်မှာ အမှိုက်တွေသိပ်…များတယ်…
မှောနီတာကိုချည်း ကသိုင်းရှုမနေနဲ့ဦး…
ပြတင်းပောက်ကိုဖွင့်ကြည့်…
အိမ်အနားမှာ ပုပ်ပွနေတဲ့အမှိုက်ပုံရှိတယ်…။

ခင်ဗျားနဲ့ အနီးအနား အမှိုက်တွေ သိပ်…များတယ်…
နေပူလို့ဆိုပြီး နေကာမျက်မှန်ချည်း တပ်မနေနဲ့ဦး…
ခဏလောက်ချွတ်ပြီး ငုံ့ကြည့်…
ခင်ဗျားပြုတ်ကျတော့မယ့် မြောင်းထဲမှာ အမှိုက်တွေပိတ်နေတယ်…။

ဟောဟိုက ဦးလေးကြီးရဲ့ တောင်ကုန်းအောက်မှာ အမှိုက်တွေ သိပ်….သိပ်…များတယ်…
အပှောမှာချည်းအောင်းပြီး သစ်ရွက်ခြောက်လေးလောက် လေထုညစ်ညမ်းအောင် မီးရှို့မနေနဲ့ဦး…
အောက်လေးဘာလေး နည်းနည်းပားပားဆင်းကြည့်…
ဒာမှ …. အမှိုက်တွေဘယ်ကရောက်လာလဲဆိုတာ သိရမယ်…။

ပြောရရင်… ဟုတ်ကဲ့…

ကျနှောတို့ ပတ်ဝန်းကျင်မှာ အမှိုက်တွေသိပ်များတယ်…။

ဟော့ဒေါ့စားတဲ့ ကောင်မလေး

ပူလို့ စူပါမားကက်ထဲဝင်နေကာမှ မိုးကရွာလာတယ်…။ မိုးတွင်းပေမဲ့ ကျနော်က ထီးယူခဲတယ်…။ ဒီနေ့ပါမလာဘူး…။ မိုးမတိတ်မချင်းတော့ ဒီအထဲမှာ သောင်တင်နေဦးမှာပဲ…။ မတတ်နိုင်ဘူးလေ… မုန့်ဆိုင်ဘက်သွား… ကော်ဖီတစ်ခွက်မှာပြီးထိုင်နေပေတော့… လကုန်ခါနီးပြီပဲ… ကော်ဖီတစ်ခွက်လောက်နဲ့တော့ဘာမှမဖြစ်လောက်ပါဘူး…။

ကော်ဖီဆိုင်တို့၊ ဘီယာဆိုင်တို့မှာ လူတွေကိုထိုင်ကြည့်နေရတာ အတော်အရသာရှိတယ်…။ ဘီယာဆိုင် ဆိုလည်း ဘီယာလေးမှာ ဆေးလိပ်လေးဖွာ… အမူးသမားပေါင်းစုံထိုင်ပြီး အမျိုးအစားခွဲ…။ ကော်ဖီဆိုင်ဆိုလည်း ကော်ဖီလေးတစ်ခွက်(အဲ..အဲ ဒါကျ ဘယ်လိုကာရံယူရမလဲ မသိတော့ဘူး) နဲ့ ထိုင်နေတဲ့ အတဿွဲတွေ၊ လူတွေကို အမျိုးအစားခွဲ… အတော်ဇိမ်ရှိတာပဲ..။ ဒါပေမဲ့အခုက သူတို့အကြောင်းမဟုတ်ဘူး…။ ပြီးတော့ … ဒီဆိုင်မှာ အတွဲလည်းမရှိ၊ အမူးသမားလည်းမရှိဘူး…။ လူတွေတအုံးအုံး၊ တဗြုံးဗြုံးနဲ့ ထိုင်စရာခုံတောင် မလောက်ရအောင် အလှူကြီးပေးနေသလို ရောင်းနေရတဲ့ဆိုင်ကြီး…။ သိပ်ကဗျာမဆန်ဘူး…။ အခုပြောမှာက ဟော့ဒေါ့စားတဲ့ ကောင်မလေးတစ်ယောက်အကြောင်း…။ ဟော… အခုသူရောက်လာပြီ…။

စကားအရသာပြောလိုက်တာ… တကယ်က သူရောက်လာတာ ကျနော်သိတာမဟုတ်ဘူး…။ လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို မဲဖတ်နေတာ…။ ရုတ်တရက် လူတစ်ယောက်အနားရောက်လာတော့ ဇတ်ကနဲစာအုပ်ကိုပိတ်လိုက်တယ်…။ ဘာရယ်မဟုတ်ဘူး… ယောင်သွားတာ…။ အဲ့ဒီမှာတင် တစ်ဆက်ထဲ ခပ်ဟက်ဟက်ရယ်သံလေးတစ်ခုထွက်လာပြီး… “ဒီမှာထိုင်မယ်နော်… ရတယ်မဟုတ်လား”….တဲ့…။

“မဟုတ်လား” ဆိုတာ စာအရမို့ရေးတာ တကယ်က သူပြောတာ “မဟုတ်လား” လို့ပီပီသသကြီးမဟုတ်ဘူး။ ဘယ်လိုလဲဆိုတာ ရေးပြလို့မရဘူး…။ အနီးစပ်ဆုံးပြောရရင်… “မဟုတ်လား” နဲ့ “မှုတ်လား” ဆိုတဲ့ အသံနှစ်မျိုးကြားထဲပဲ..။ “မွှတ်လား” လို့ရေးရမလားမသိဘူး…။  အသံလေးက ခပ်မာမာ ခပ်ရှရှ…. ပြောရရင် ကျနော့်ကို ဒုကဿခပေးမယ့် အသံမျိုး…။ အင်းလေ… ကျနော်တင်မဟုတ်ဘူး…. ယောက်ျားလေး အတော်များများကိုလည်း အဲ့ဒီ “မွှတ်လား” က ဒုကဿခပေးမှာ… ကျနော်ပြောရဲတယ်။

ဒီနေရာမှာ ကျနော်အကြောင်း နည်းနည်းပြောဦးမယ်… ။ ကျနော်ဟာ မိန်းကလေးတွေနဲ့ တွေ့ရရင် စကားပြောမထွက်တော့တဲ့ ရောဂါဆိုးရှိတယ်…။အဲ့ဒီမိန်းကလေးဟာ  ချောလေ လှလေ … စကားပြောမထွက်လေပဲ…။ သနားတတ်မယ်ဆိုရင် ဝိုင်းသနားကြပေတော့…။ အခုလည်း အဲ့ဒီလိုပဲ…။ ပါးစပ်အဟောင်းသားနဲ့ မော့ကြည့်နေတာ ဘယ်လောက်ကြာသွားတယ် မဆိုနိုင်ဘူး..။ သူကတော့ မထူးဆန်းသလိုပဲ… ခုံတစ်လုံးဆွဲယူပြီးထိုင်လိုက်တော့မှ၊ တခြားသူဆို ဘေးတိုက်ယမ်းမယ့်ကျနော့်ရဲ့ခေါင်းက  ကြောင်တောင်တောင်နဲ့ အထက်အောက် ရွေ့တယ်…။

ထိုင်ပြီးတော့ လက်ထဲက ဟန်းဖုန်းကို စားပွဲပေါ်ချတယ်…။ ပါလာတဲ့ စလင်းဘတ်ကိုဖွင့်တယ်…။ ဟိုရှာဒီရှာလုပ်တယ်…။ ပြီးတော့မှ ခေါက်ပိုက်ဆံအိတ်ကိုထုတ်တယ်…။ ဒါတွေအားလုံးကျနော် ထိုင်ကြည့်နေလို့မြင်နေရတာမဟုတ်ဘူး…။ ခေါင်းငုံ့ထားရဲ့က တဖြတ်ဖြတ် အသံကြားနေရလို့ ခန့်မှန်းကြည့်နိုင်တာ (မော့နေတဲ့ခေါင်းက စာအုပ်ပေါ် ပြန်ငုံ့သွားပြီ) ..။ ပြီးတော့ မတ်တပ်ရပ်သံကြားရတယ်…။ တဆက်တည်း…

“ဒီမှာ…”
ယောင်ကန်းကန်းနဲ့ မော့ကြည့်မိပြန်တယ်… ပြီးတော့ ကြောင်တောင်တောင်နဲ့ ကုန်နေတဲ့ကော်ဖီခွက်ကိုကောက်မော့တယ်…။
“ဒါတွေခဏကြည့်ပေးထားနော်…”
ခေါင်းငြိမ့်လိုက်မိလားမသိဘူး…။ သေချာတာကတော့ မာရှရှ အသံလေးထွက်တဲ့ သူ့နှုတ်ခမ်းဟာ ပါးပါးလေး…၊ ဆေးဆိုးမထားဘူး…။ “နော်” ဆိုတဲ့နေရာမှာ နှုတ်ခမ်းပါးလေးက နည်းနည်းထော်ထော်လေးဖြစ်သွားတယ်…။ အဲ့လို နှုတ်ခမ်းမျိုးလေး ကျနော်အရမ်းကြိုက်တာဗျာ…မျက်လုံးလေးကလည်း တောက်တောက်ကလေး… ဉာဏ်ကောင်းတဲ့မျက်လုံးမျိုး…။ ထသွားတဲ့နောက်ကို မရှက်မကြောက်လိုက်ကြည့်မိပြန်တယ်…။ အရပ်တော့ သိပ်မမြင့်ဘူး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း စွဲမက်လောက်ဖွယ်တော့ မဟုတ်ဘူး..။ ဒါပေမဲ့… သွယ်လျလျ ထွေးထွေးအိအိလေး..။ အိုဗျာ… ကျနော်သတ်မှတ်ထားတဲ့ ရုပ်ရည်အလှ စံသတ်မှတ်ချက်တွေ အကုန်သူ့မှာရှိတယ်…။

ခဏနေတော့ စားစရာတွေဗန်းနဲ့ ပြန်ဝင်လာတယ်…။ ကျနော်လည်း အလိုက်တသိနဲ့ စားပွဲပေါ်က ကျနော့်ပစဿစည်းတွေရှင်းပေးလိုက်ပါတယ်…။ ဒါပေမဲ့ ထုံးစံအတိုင်း နမကတဿတိ၊ စကားမရှိ…။ တစ်ခုတော့ သတိထားမိတယ်…။ သူယူလာတာ macchiato ဆိုတဲ့ အမြှပ်လေးတွေကို ပုံဖော်ထားတဲ့ ကော်ဖီတစ်ခွက်ရယ်၊ ဟော့ဒေါ့လို့ခေါ်တဲ့ ပေါင်မုန့်ကြက်အူချောင်းညှပ်ရယ်…။

ဒီအချိန်မှာတော့ ကုန်နေတဲ့ ကော်ဖီခွက်ကို ရေနွေးကြမ်းထည့်ဖို့… ရေနွေးသောက်သလိုနဲ့ ခိုးကြည့်ဖို့တော့ ကျနော့်စိတ်ကို အစိုးရသွားပြီ…။ နောက်နေတာမဟုတ်ဘူး… မိန်းမလှလေးတစ်ယောက် ဟော့ဒေါ့စားနေတာကို အနီးကပ်ကြည့်ရတာ အတော်စိတ်ဝင်စားဖို့ကောင်းတာဗျာ…။

ဆော့တ်ဘူးကို နေရာတကျချတယ်…။
ကော်ဖီခွက်ကို နှုတ်ခမ်းနဲ့တေ့ပြီး မဆိုစလောက်ကလေးမော့လိုက်တယ်…။ နှုတ်ခမ်းပေါ်က ကော်ဖီကို လျှာဖျားနဲ့မလျက်ပဲ နှုတ်ခမ်းနဲ့ပဲ သပ်ပြီးသိမ်းလိုက်တယ်….။ ထူးအိမ်သင်သာရှိသေးရင် “ဒါဟာကဗျာတစ်ပုဒ်ပေါ့… ဘယ်သူငြင်းမလဲ” မှာထပ်ဖြည့်မလားပဲ…။ ဟော့ဒေါ့ပေါ်ကို ဆော့တ်ဘူးဆမ်းတယ်…။ ပြီးတော့မှ ခက်ရင်းနဲ့ အသာလေးဖိ … ဓါးနဲ့ရွရွလေးလှီး…။ ပြောရဦးမယ်… လက်ချောင်းလေးတွေကလည်း ဘယ်လိုလေးတွေလဲမသိဘူး။ Artistic Hand ဆိုတဲ့ သွယ်လျလျ၊ ရှည်မြောမြောလေးတွေလည်း မဟုတ်ဘူး…။ တိုတိုတုတ်တုတ်ကြီးတွေလည်း မဟုတ်ဘူး။ ကြည့်လို့လှရုံအဆင့်လောက်မှာရှိတယ်…။ အဲ့ဒီလက်လေးတွေနဲ့ ဟော့ဒေါ့ကို ရွရွလေးလှီး၊ လိုသလောက်ရတော့မှ ကျနော်သဘောကျတဲ့ နှုတ်ခမ်းပါးလေး ထဲထည့်..။ အိုဗျာ… အကုန်လုံး ကဗျာဆန်နေတယ်ပြောရင် ခင်ဗျားငြင်းမလား…။ ခင်ဗျားငြင်းရင်တော့ ကျနော်လည်း ပြန်ငြင်းမှာပဲ…။

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်းမှာပဲ ဟော့ဒေါ့ တစ်ပွဲကုန်သွားတယ်…။ အဲ့ဒီတော့မှ တစ်ရှူးနဲ့ ပေနေတဲ့ နှုတ်ခမ်းစလေးကို အသာသုတ်တယ်…။ ပြီးတော့ … ဟိုကြည့်ဒီကြည့်လုပ်ပြီး ခုံကထတယ်…။ ပြီးတော့ ကျနော့်ကိုပြောပြန်တယ်…
“ကြည့်ပေးထားဦးနော်….”
ကျနော်လည်း ဂျန်းတဲမင်းန် စတိုင်နဲ့ ခေါင်းအသာငြိမ့်ပြလိုက်တယ်…။ အခုအချိန်မှာ “ရှင် ကျမကို ထရိတ်ဒါးမှာညစာလိုက်ကျွေးပါလားဟင်” လို့ပြောရင်တောင် ဝမ်းသာအားရ ခေါင်းငြိမ့်မိမလား မပြောတတ်ဘူး…။

ခဏနေတော့ စားစရာဗန်းနဲ့ ပြန်ဝင်လာပြန်တယ်…။ ကျနော်လည်း စားပွဲပေါ်ကဟာတွေ ကူပြီးရွေ့ပေးပြန်တယ်…။ ထပ်သတိထားမိပြန်တယ်…။ ဗန်းထဲမှာ ပါလာတာ ဟော့ဒေါ့ပဲ…။ သူ့လို ကောင်မလှလှလေးတွေ ဟော့ဒေါ့စားနေတာ ထပ်ကြည့်ရတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်…။

ကော်ဖီခွက်ကို နှုတ်ခမ်းနဲ့တေ့ပြီး မဆိုစလောက်ကလေးမော့လိုက်တယ်…။ နှုတ်ခမ်းပေါ်က ကော်ဖီကို လျှာဖျားနဲ့မလျက်ပဲ နှုတ်ခမ်းနဲ့ပဲ သပ်ပြီးသိမ်းလိုက်တယ်….။

ဟော့ဒေါ့ပေါ်ကို ဆော့တ်ဘူးဆမ်းတယ်…။ ပြီးတော့မှ ခက်ရင်းနဲ့ အသာလေးဖိ … ဓါးနဲ့ရွရွလေးလှီး…။

လိုသလောက်ရတော့မှ ကျနော်သဘောကျတဲ့ နှုတ်ခမ်းပါးလေး ထဲထည့်…။

အိုဗျာ… အကုန်လုံး ကဗျာဆန်နေတယ်လို့ထပ်ပြောရင် ခင်ဗျားထပ်ငြင်းမလား…။ ခင်ဗျားထပ်ငြင်းရင်တော့ ကျနော်လည်း ပြန်ထပ်ငြင်းမှာပဲ…။

ပြီးတော့ စောစောကလိုပဲ… တစ်ရှူးစနဲ့သုတ်တယ်…။ ပြန်ထပြန်တယ်…။ ပြန်ပြောတယ်…

“ကြည့်ပေးထားဦးနော်…”

ခေါင်းထပ်ငြိမ့်တယ်…။

ခဏကြာတော့ စားစရာဗန်းနဲ့ရောက်လာပြန်တယ်…။ ထပ်ပြီးသတိထားမိပြန်တယ်… ဟော့ဒေါ့နောက်တစ်ခု….

…..

…..

….

ကဗျာဆန်သေးလား၊ မဆန်တော့ဘူးလား သတိမထားမိတော့ဘူး။ ဗန်းအလွတ်ထဲက ပြောင်သလင်းခါနေတဲ့ ဟော့ဒေါ့ လေးပန်းကန်ပဲ သတိထားမိတော့တယ်…။ ကျနော်အံ့သြနေတာ သတိထားမိလို့လားတော့ မပြောတတ်ဘူး…။ ကော်ဖီသောက်နေရာကနေ ကျနော့်ဘက်ကြည့်ပြီး “အဟီး” လို့ရီပြတယ်…။ ကျနော်လည်း ကြောင်တောင်တောင်နဲ့ ပြန်အဟီးလိုက်ပါတယ်…။ အဟီးရင်း ဇဝေဇဝါနဲ့ မေးခွန်းတစ်ခု မေးမလို့ကြံမိတယ်…။ ဒါပေမဲ့ ပါးစပ်ကထွက်မလာဘူး…။ ဘယ်ထွက်မလဲ… သူက လှတယ်လေ… သိပ်လှတယ်… ဒါ့ကြောင့်….။

သိပ်တော့ကြာကြာ ဇဝေဇဝါမဖြစ်ရပါဘူး…။ ရုတ်တရက် သူ့အပြုံးပန်းတစ်ခုပွင့်သွားပြီး ကျနော့်နောက်ကို ကျော်ပြီးလှမ်းလက်ပြတယ်…။
ခဏလောက်နေတော့ အသက်သုံးဆယ့်ငါးလောက် လူကြီးတစ်ယောက်ရောက်လာတယ်…။

“ချစ်… စောင့်နေရတာကြာပြီလား…”

“ကြာပြီပေါ့… အစ်ကိုကြီးက ဘာလုပ်တွေလုပ်နေလဲမှမသိတာ… ဒီမှာ ဟော့ဒေါ့လေးလုံးတောင် ကုန်သွားပြီ”

“ဒါဆိုလဲ သွားကြစို့လေ… ဒါတွေရှင်းပြီးသားလား… အစ်ကိုကြီးရှင်းလိုက်ရမလား”

“ရတယ်…ရှင်းပြီးသား… ညနေကြရင်သာ ..(…….) မှာ ကျွေးဖို့မမေ့နဲ့” (သည်းခံပါ ဆိုင်နာမည်မေ့နေပါသည်)

ဒီလိုနဲ့ပဲ… နှစ်ယောက်အတူ လက်ချင်းချိတ်ပြီး ကျနော်အခုမှ မြင်ဖူးတဲ့ အမျိုးအစားကားလေးပေါ်တက်ပြီး မောင်းထွက်သွားကြတယ်…။

မိုးလည်း တိတ်သွားပြီ… ကျနော်လည်း စူပါမားကက်ရှေ့မှာလာရပ်တဲ့ လိုင်းကားပေါ်တိုးတက်လိုက်တယ်… ဒရိုင်ဘာက လီဘာကို ဝူးကနဲ ဆောင့်နင်းလိုက်တယ်….။

(ဘာရယ်မဟုတ်ဘူး… ဘလော့က မရေးတာကြာလွန်းလို့ ဝင်တဲ့ပတ်စ်ဝေါ့တောင်မေ့သွားတာနဲ့ ရအောင်ပြန်လုပ်ပြီး တစ်လောက မုန့်ဆိုင်တစ်ခုမှာ ဟော့ဒေါ့တွေ တစ်ခုပြီးတစ်ခု မှာစားနေတဲ့ ကောင်မလေးတစ်ယောက်ရယ်…၊ အခုတလောသူ့ဓါတ်ပုံကိုပဲ ခဏခဏထိုင်ကြည့်နေမိတဲ့ ကောင်မလေးတစ်ယောက်ရယ်ကို ပေါင်းပြီး ပျင်းပျင်းရှိတာနဲ့ရေးလိုက်တာ… မမယ်ရာ စကားနဲ့ဆိုရင်တော့ အပျင်းပြေအပျော်ဖတ်ပိုစ့်ပေါ့ … တိုက်ဆိုင်တာရှိရင် ဝန္နာမိကြပါကုန်)

Long gone

မရောက်တာကြာလို့ ဖုန်တက်နေပြီဖြစ်တဲ့အတွက်… ဖုန်ရှင်းတဲ့အနေနဲ့ ဖုန်တက်နေတဲ့ပုံတစ်ပုံတင်ထားလိုက်ပါတယ်။ သိပ်တော့မကြာသေးပါဘူး။ ပုံထဲမှာ ဖုန်တွေတက်နေလို့ပြောတာ။

One lonesome day, I woke up in the evening 4pm and I saw my dirty wall reflected the sun ray unexpectedly attractive. So I placed an empty Fortant Cabernet Sauvignon bottle on an old sound box. Fortunately, there was my Hohner Harmonica placed on it. and took this picture with my Fujiflim Finepix S 1500. And edited some colors. This picture is not a pro one. It’s just one helluva amateur’s mess, but I like it. Any comments?

←Older